Tuesday, December 30, 2014

အစ္စလာမ်ကောင်စီ၏ အဓိဋ္ဌာန်
**********************

* ကျွန်ုပ်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို
   စောင့်သိရိုသေပါမည်။

* ကျွန်ုပ်တို့သည် အစ္စလာမ်သာသနာရေးရာကောင်စီ၏
   ကျေးဇူးသစ္စာကို စောင့်သိရိုသေ၍ ယင်းကောင်စီ၏
   ဘေးအန္တရာယ် ဟူသမျှကို အသက်နှင့် လဲ၍
   ကာကွယ်ပါမည်။

* ကျွန်ုပ်တို့သည် အစ္စလာမ်သာသနာရေးရာကောင်စီ၏
  ရည်ရွယ်ချက်များ အောင်မြင်စေရန် အစွမ်းကုန်
  ကြိုးစားဆောင်ရွက်ပါမည်။

* ကျွန်ုပ်တို့သည် တိုင်းရင်းသား မွတ်စ်လင်မ်တို့၏ ဘဝ
   မြှင့်တင်ရေးကို ဦးလည်မသုန် ဆောင်ရွက်ပါမည်။

* ကျွန်ုပ်တို့သည် အစ္စလာမ်၏ ငြိမ်းချမ်းရေးဆောင်ပုဒ်ကြီးအရ
   သစ္စာရှိစွာဖြင့်နိုင်ငံတော်၏ ငြိမ်းချမ်းသာယာရေးအတွက်
   အစွမ်းကုန်ဆောင်ရွက်ပါမည်။


     ဤမှန်ကန်သော သစ္စာစကားကြောင့် အရှင်မြတ်၏
လမ်းစဉ်တွင် ကူညီသူဖြစ်သော ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သည် ကူညီပါစေသတည်း။ ။(အာမီန်း)


No comments:

Post a Comment