Thursday, February 5, 2015

အစ္စလာမ့်သမိုင်းတွင် ပထမဆုံး ဂျူမုအဟ်၌ ကိုယ်တော်မြတ်ကြီး(ဆွ)သခင် မိန့်ကြားတော်မူခဲ့သော ပထမဦးဆုံးသော ဂျူမုအဟ်ခွသ်ဗဟ်

အစ္စလာမ့်သမိုင်းတွင် ပထမဆုံး ဂျူမုအဟ်၌ ကိုယ်တော်မြတ်ကြီး(ဆွ)သခင် မိန့်ကြားတော်မူခဲ့သော ပထမဦးဆုံးသော ဂျူမုအဟ်ခွသ်ဗဟ်

       တမန်တော်မြတ်(ဆွ)သခင်သည် အလ္လာဟ်အရှင်မြတ်အား ချီးကျူးထောပနာမေတ္တာမင်္ဂလာပို့သပြီးနောက် အောက်ပါအတိုင်း မိန့်ချွေတော်မူခဲ့လေသည်။
       အို - - လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အတွက် ကောင်းမှုကုသိုလ်များကို ကြိုတင်ပြုလုပ်ကြလေကုန်။ မုချ အသင်တို့အားလုံးသည် တစ်နေ့ မေ့မျောသေဆုံးကြရပေမည်။ ထို့နောက် လူသားသည် မိမိတို့အလွန်တွယ်တာကြသည့် သိုး၊ဆိတ်များကို ထိန်းကျောင်းသူမပါ စွန့်ပစ်ခဲ့ကြရလိမ့်မည်။
        ထို့နောက် အရှင်မြတ်ရှေ့တော်မှောက်သို့ ရောက်ကြရလိမ့်မည်။ ထိုအချိန်ကာလ (ဟယှရ်)တွင် အလ္လာဟ်အရှင်မြတ်နှင့် ၎င်းပုဂ္ဂိုလ်၏အကြားတွင် မည်သည့်အကာအကွယ်မျှမရှိပဲ မည်သည့် စကားပြန်မျှ မပါပဲ တိုက်ရိုက်စစ်ဆေးခြင်းကို ခံရလိမ့်မည်။
        ထိုအချိန်ဝယ် အလ္လာဟ်အရှင်မြတ်က အို လူသား အသင့်ထံသို့ တရားဓမ္မဟောကြားရန် ငါအရှင်၏ တမန်တော် မရောက်လာခဲ့သလော။ ငါအရှင်သည် အသင့်အား မြောက်မြားစွာသော စည်းစိမ်ဥစ္စာကို မပေးခဲ့သလော။ အသင်သည် ၎င်းကျေးဇူးတော်များကို ထောက်ရှု့ပြီး အသင့်အတွက် မည်သည့် ကောင်းမှုကုသိုလ်များကို ကြိုတင်ပြုလုပ်ခဲ့ပါသနည်းဟု စစ်မေးသည့်အခါ လူသားသည် ကုသိုလ်ကောင်းမှု ရှာဖွေသည့်သဘောဖြင့် မိမိ၏ လက်ဝဲ လက်ယာဘက်ကြည့်သော်လည်း တစ်စုံတစ်ရာမျှ တွေ့ရှိရမည်မဟုတ်။ တဖန် မိမိ၏ အရှေ့ဘက်သို့ မျှော်ကြည့်သော်လည်း ငရဲဘုံမှအပ မည်သည့်အရာကိုမျှ တွေ့မြင်ရမည်မဟုတ်။ ထို့ကြောင့် အကြင်ပုဂ္ဂိုလ်သည် မိမိကိုယ်မိမိ ငရဲဘေးမှ ကင်းဝေးစေရန် တတ်နိုင်လျှင် စွန်ပလွံစေ့တစ်ခြမ်းမျှဖြစ်စေ လှူဒါန်းကြ။ အကယ်၍ ထိုမျှပင် မတတ်နိုင်ခဲ့သော် ချိုသာမြင့်မြတ်သည့် စကားကို ပြောဆိုကြ။ မုချ အသင်တို့ပြုလုပ်သည့် အလှူဒါန၏အကျိုးကို အရှင်မြတ်ဘက်တော်မှ ဆယ်ဆမှ အဆပေါင်း ခုနှစ်ရာထိပင် ချီးမြှင့်ခြင်း ခံရလိမ့်မည်။ အသင်တို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းမှုအဖြာဖြာ သက်ရောက်ပါစေဟု မိန့်ချွေတော်မူခဲ့လေသည်။

အလ်ဟာဂ်ျ ခလီဖှဟ် သမားတော် စာရေးဆရာ ဝါးခယ်မစိုးမြင့်အောင် ၏ { ဂေါက်စွလ်အအ်ဇွမ် (ရသွေ့)သခင်ကြီး၏ ထွဋ်မြတ်လှစွာ ရွှေဂျူမုအဟ် - ဂျူမုအဟ်နေ့ ကြီးကျယ်ထွဋ်မြတ်ခြင်းအကြောင်း } စာအုပ် (စာမျက်နှာ - ၆၃)မှ ကူးယူဖော်ပြပါသည်။
******************


No comments:

Post a Comment